နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ စုပေါင်းငါးလွှတ်ပွဲ ကျင်းပ

မကွေး စက်တင်ဘာ ၁၄

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဦးဆောင်၍ စုပေါင်းငါးလွှတ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ ကမ်းနားလမ်း၊ နန်းထိုက်သူဟိုတယ်ရှေ့၊ ဧရာဝတီမြစ်ကမ်းစပ်၌ ကျင်းပသည်။

စုပေါင်းငါးလွှတ်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ် ဦးဆောင်သောတပ်ဖွဲ့ဝင် (၁၀၀)ဦး၊ မိသားစု (၅၀)ဦး၊ (စစ်ဘက်/နယ်ဘက်မှ) ဖိတ်ကြားထားသူ (၅၀)ဦး၊ စုစုပေါင်း (၂၀၀)ဦးတို့က ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်းနှင့် ငါးခုံမ၊ ငါးသားပေါက်အကောင်ရေ (၇၀၀၀၀)အား လွှတ်ကာ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ၌ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ