ဟင်္သာတ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကျောင်းကွင်းကျေးရွာအုပ်စု၊ ကျောင်းကွင်းကျေးရွာတွင် ရေကြီးမှုကြောင့် နစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအား (၁၂)ရက်နေ့ ညနေပိုင်းက ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် ပြန်လည်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြန်လည်စိုက်ပျိုးပွဲတွင် ကျောင်းကွင်းကျေးရွာ ကွင်းအမှတ် (၁၅၂၀)၊ ဦးပိုင် (၁၇၂)၊ တောင်သူဦးရွှေညိုပိုင်ဆိုင်သော လယ်ဧရိယာ (၂)ဧကတွင် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် ရက်(၉၀)မျိုးစပါး ပြန်လည်စိုက်ပျိုးနေမှုနှင့် ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကွင်းအမှတ် (၁၅၂၀)၊ ဦးပိုင် (၁၇၂)၊ တောင်သူဦးစိုး၀င်း၏ လယ်ဧရိယာ (၂)ဧကတွင် ဆင်းသုခစပါး ပြန်လည်စိုက်ပျိုးနေမှုအား ဟင်္သာတခရိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများမှ ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)