ကျိုက်ထို စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေ များ စီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှု ကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်ခဲ့ရကြောင်းသိရသည်။
ယင်းသို့ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေးခဲ့ရာတွင် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ရေများလျော့နည်း ကျဆင်းခဲ့သည့်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ယာယီကယ်ဆယ်ရေးစခန်း (၂)ခုတွင် ယာယီနေထိုင်သည့် အိမ်ထောင်စု (၁၄၄)စု မှ လူဦးရေ (၅၃၉) ဦးတို့ သည် ၎င်းတို့၏ နေအိမ်များတွင်နေထိုင်ရန်ပြန်လည် ပြောင်းရွှေ့ ခဲ့ကြ ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)