မော်လမြိုင်ကျွန်းမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခြင်းဖြင့် အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော် ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးကော်အတွင်းရေးမှူး ဒေါ်သဇင်မကကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်ခြင်း၊ အသိပညာဟောပြောပွဲများ ကျင်းပခြင်း၊ အမျိုးသမီးများမှ ၎င်းတို့၏ အခွင့်အရေးများပိုမို သိရှိနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊ ကျူးလွန်ခံရသော အမျိုးသမီးများအား မလိုလားအပ်ဘဲ ကိုယ်ဝန်ဆောင်ခဲ့ရသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တရားရင်ဆိုင်ခရီးစရိတ်၊ ကိုယ်ဝန်ဆောင်အာဟာရနှင့် မီးဖွားစရိတ်ထောက်ပံ့ပေးခြင်း၊ မြို့နယ်အတွင်းအမျိုးစမီးကိစ္စရပ်များကို ကော်မတီဝင်များနှင့် ရပ်ရွာစေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်နိုင်ကြောင်းရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က တက်ရောက်လာကြသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူ၊ ဌာနဆိုင်ရာအကြီးအကဲများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရဲကိုမောင် (ပြန်/ဆက်)