ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို စုပေါင်းသွေးလှူဒါန်း

ပြည် စက်တင်ဘာ ၁၃

၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ထွန်းနိုင်ဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လတ်နှင့်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သွေးလှူဒါန်းနေမှုအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး မြင့်ထွန်းနိုင်၊ ဆေးရုံအုပ်ကြီးဒေါက်တာသီတာစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး သွေးလှူရှင်များအတွက် အားဖြည့်အချိုရည်၊ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကိုထောက်ပံ့ပေးအပ်ခဲ့ကြသည်။ သွေးလှူဒါန်းရာတွင် ပြည်ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင် (၃၅) ဦးနှင့် မိသားစုဝင် (၆) ဦး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် (၃) ဦးနှင့် သတင်းတပ်ဖွဲ့ဝင်(၄) ဦးအပါအဝင် စုစုပေါင်း (၄၈) ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)