စစ်ကိုင်းမြို့တွင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

စစ်ကိုင်း စက်တင်ဘာ ၁၃

စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် အတွက် ဖွင့်လှစ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး( ငွေစာရင်း)ထိန်းသိမ်းနည်း သင်တန်းနှင့် Social Skill Development သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက အဆိုပါရုံးတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မိမိတို့ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာများ သိရှိနား လည်ပြီး လုပ်ငန်းများကို အဖက်ဖက်မှ ကျွမ်းကျင်မှုရှိစေရန် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးတဲ့ ပညာရပ်တွေကို စိတ်ဝင် စားစွာ လေ့လာမှတ်သားကာ မိမိအတွက်၊ မိမိဌာနအတွက်၊ မိမိနိုင်ငံတော်အတွက် အားထားရတဲ့ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူကြပါလို့ ဆွေးနွေးပြောကြားခဲ့သည်။

ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းသို့ စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအောက်ရှိ  စစ်ကိုင်း၊ မြင်းမူ၊ မြောင် မြို့နယ်များမှ သင်တန်းသား/ သင်တန်းသူ(၁၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလကို (၇)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)