ပဲခူး စက်တင်ဘာ ၁၃
စာကြည့်တိုက်ပညာကို တတ်ကျွမ်းနားလည်ပြီး အရည်အသွေးမြင့်မားသော စာကြည့်တိုက်မှူးကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၄)ကို ယမန်နေ့ နံနက် ၉ နာရီက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာကြည့်တိုက်ပညာရပ်များ၊ စာစုစာပြုလုပ်ငန်းများ၊ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပို့ချပေးခဲ့သည်။
အဆိုပါ စာကြည့်တိုက်ပညာသင်တန်းကို စက်တင်ဘာလ ၁၂ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့ထိ (၃) ရက် ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်း(၂၀)ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)