ဒေးဒရဲမြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ်ရရှိစေရေး ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မျိုးဦး ဦးဆောင်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများမှ ဌာနပိုင်ထရန်စဖော်မာများ၊ ပုဂ္ဂလိကပိုင်ထရန်စဖော်မာများ၊ ပါဝါမီတာနှင့် အိမ်သုံးမီတာများအား ဓာတ်အားပျောက်ဆုံးမှု မရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ်ရရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနက သိရသည်။

အေဇာလင်း