မုဒုံ စက်တင်ဘာ ၁၂
မွန်ပြည်နယ် မုဒုံမြို့နယ်၌ အမျိုးသားအဆင့်ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့် (၁)နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဥ်(၁၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၁၀ နာရီအချိန်က နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)ရှိ စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစေးခြစ်နည်းပညာကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် မိမိတို့စိုက်ကွက်များ၌ အသုံးချနိုင်သကဲ့သို့ ရော်ဘာစိုက်တောင်သူများထံ နည်းပညာများ ပြန်လည်ပို့ချပေးနိုင်ကြောင်း၊ တိုင်းဒေကြီး/ ပြည်နယ်မှာရှိသည့် ရော်ဘာခြံရှင်များ ရေရှည်အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ၏အဓိကလိုအပ်သော လုပ်ငန်းဝင်ငွေရရှိနိုင်မည့် ရော်ဘာသီးနှံမှထွက်ရှိသော ရော်ဘာထွက်ကုန်တိုးတက်စေရန်အတွက် သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ရော်ဘာပညာရှင်နှင့်တာဝန်ရှိသူများက ရော်ဘာကျွမ်းကျင်မှု စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် နည်းပြဆရာများက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်နှင့် ကရင်တို့မှ သင်တန်းသား/သူ (၃၀)ဦးအား ၁၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)