မောက်မယ်မြို့နယ်တွင် မြို့နယ်လုံးကျွတ်စာရေးတံမဲပွဲ(ခေါ်)မဟာဒုတ်ပွဲ ကျင်းပ

မောက်မယ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်လုံးကျွတ် စာရေးတံမဲပွဲ(ခေါ်)မဟာဒုတ်အလှူပွဲကို ယနေ့နံနက် ၆ နာရီက မင်္ဂလာသီရိမြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများက နံနက် ၆ နာရီမှစတင်၍ စာရေးတံမဲပွဲ(ခေါ်)မဟာဒုတ်ပွဲမဲဖောက်ခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ပြီး စေတနာရှင်အလှူရှင်များတို့က မိမိတို့မဲပေါက်သည့် ဘုရား၊ ရှင်ဥပဂုတ္တ၊ ရှင်သီဝလိ၊ ရဟန်းသံယာတော်များနှင့် သာမဏေများကို မိမိတို့ဌာနရုံး၊ တပ်ရင်းတပ်ဖွဲ့နှင့် အလှူရှင်နေအိမ်များသို့ ပင့်ဆောင်၍ နံနက်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္တုအစုစုများ ကပ်လှူပြီး တရားတော်များနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး စာရေးတံမဲပွဲ(ခေါ်)မဟာဒုတ်ပွဲသို့ မောက်မယ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း (၄၆)ပါး၊ ရှင်သာမဏေ (၄၃)ပါး စုစုပေါင်း (၈၉)ပါး ကြွရောက်တော်မူပြီး ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့ပေါ် (၇)ရပ်ကွက်နှင့် ကျေးရွာများမှ စေတနာရှင် အလှူရှင်များက (၈၉)ပါးအား အသီးသီး ပင့်ဆောင်ပူဇော် လှူဒါန်းကန်တော့ခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)