ရှမ်းရွာသစ် စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိ ပညာဗဟုသုတရရှိစေရေးနှင့်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက် တန်းကျောင်းတွင် မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မျောက်ကျောက်ရောဂါစတင်တွေ့ရှိခဲ့ပုံ၊ မျောက်ကျောက်ရောဂါလက္ခဏာများ၊ ရေကျောက်နှင့် မျောက်ကျောက်ရောဂါတို့၏ တူညီသောလက္ခဏာများ၊ ရောဂါကူးစက်ခံရနိုင်ဖွယ်လူပုဂ္ဂိုလ်များ၊ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါဖြစ်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိသတိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြော ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော မျောက်ကျောက်ရောဂါအသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်ရန်အတွက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)