နတ်မောက်မြို့နယ်အတွင်း အသက် (၁၈) နှစ်အထက် လူဦးရေစာရင်းမှန်ကန်စေရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

နတ်မောက် စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နတ်မောက်မြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းမှန်ကန်စေရေး စတုတ္ထအကြိမ် မူကြမ်းအတွက် ဆောင်ရွက်နေမှုကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှိ ဦးစီးအရာရှိတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး ဦးစီးအရာရှိက နတ်မောက်မြို့နယ်အတွင်း တစ်ခုတည်းသောမဲစာရင်း မှန်ကန်စေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ရန်အတွက် လူဦးရေစာရင်းမှန်ကန် ပြည့်စုံမှုအပေါ်တွင် မူတည်နေကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသည့် လူဦးရေစာရင်းများကို စတုတ္ထမူကြမ်းအတွက် စာရင်းများထည့်သွင်း လျက်ရှိကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း