သရက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ (၃) သိန်းကျပ် ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် ဦးညိုဦးမောင်၏ (၄၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူငွေကျပ် (၃) သိန်းကို အလှူရှင်မိသားစုမှ ပေးအပ်လှူဒါန်းရာ ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)