ပေါင်းတည် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ တောင်သူများ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ စက်တင်ဘာ ၉ ရက်နေ့အထိ ကျေးရွာအုပ်စု (၃၂) အုပ်စုရှိ တောင်သူ (၅၃၉၀) ဦး၏ စိုက်ဧက (၂၉၉၆၁) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၄၄၉၀၂) သိန်းကို ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ဧကတစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို လယ်ယာလုပ်ငန်းခွင်များတွင် အကျိုးရှိရှိအသုံးပြုနိုင်ရန်နှင့် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ သိရသည်။
ရွှေသား (ပြန်/ဆက်)