တောင်ငူမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်းအမှတ်စဥ် (၁/၂၀၂၄/တင)ဖွင့်လှစ်

တောင်ငူ စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ ပဲခူးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ နွားမေထုန်မဲ့သားစပ်သင်တန်းအမှတ်စဥ်(/၂၀၂၄/တင)ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သင်တန်းသားများကို အားပေးစကားပြောကြားပြီး မေထုန်မဲ့သားစပ်လုပ်ငန်းသုံး လက်အိတ်နှင့် မေထုန်မဲ့သားစပ်လုပ်ငန်းသုံးအထောက်အကူပစ္စည်းတို့ကို ကြည့်ရှုအားပေးသည်။

တောင်ငူခရိုင်၌ မေထုန်မဲ့သားစပ်သင်တန်း(အခြေခံ)ပထမအကြိမ်အဖြစ် ဖြူးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် သင်တန်းသား(၂၀)ဦးကို စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ၊ တောင်ငူမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ သင်တန်းသား (၄၀)ဦးကို တောင်ငူခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမတွင် စက်တင်ဘာ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ၊ ရေတာရှည်မြို့နယ်မှ သင်တန်းသား(၂၀)ဦးကို ရေတာရှည်မြို့နယ် တောင်သူလယ်သမားဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ၊ အုတ်တွင်းမြို့နယ်သီရိရတနာခန်းမတွင် သင်တန်းသား(၂၀)ဦးကို စက်တင်ဘာ ၂၅ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ စုစုပေါင်းသင်တန်းသား(၁၀၀)ဦးကို သင်တန်းနည်းပြ()ဦးမှ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါ မေထုန်မဲ့သားစပ်ခြင်းသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် သားစပ်သူများ၏ ကျွမ်းကျင်မှု အရည်အသွေးမြင့်မားလာစေပြီး မျိုးကောင်း၊ မျိုးသန့်၊ မျိုးမြင့်တိရစ္ဆာန်များ တိုးတက်ပွားများလာကာ နိုင်ငံတော်၏ သားငါးထုတ်လုပ်မှုဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တောင်ငူခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)