ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း အ.မ.က-ဥယျာဉ်ကုန်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ငပုတော စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာမူလတန်းကျောင်း အ.မ.က-ဥယျာဉ်ကုန်းတွင် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ကျောင်းခန်းမတွင်  ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီး ငပုတောမြို့ တောရကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ပညာစက္ကထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဇာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဆရာတော်အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းကြပြီး အနုမောဓနာတရားနာကြားကာ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)