အုတ်ဖို စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက စာကြည့်တိုက်ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်၊ မျိုးတူစုပြုခြင်းနှင့် ကတ်တလောက်ရေးသွင်းခြင်း၊ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရမည့် အချက်များအား သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာကြည့်တိုက်တာဝန်ခံ ဆရာ/ဆရာမ (၃၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား (၉.၉.၂ဝ၂၄) ရက်နေ့မှ (၁၀.၉.၂ဝ၂၄) ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)