ကလေး စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်းသောရေရရှိဖို့ ရင်းနှီးမြှုပ်နှံမှုစတင်စို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟေမာဆွေနှင့်တာဝန်ရှိသူများက သန့်ရှင်းသောရေရရှိဖို့ ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် အကြာင်းအရာများကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)