ငပုတောမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ Online sales မှတ်ပုံတင်လုပ်ငန်းအကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ

ငပုတော စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေသခံပြည်သူများအား Online sales မှတ်ပုံတင်လုပ်ငန်းအကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကံကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်စန်းက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများအကြောင်း၊ အွန်လိုင်းစနစ်ရောင်းချခြင်းမှတ်ပုံတင်လုပ်ငန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့တွင် စတင်အာဏာသက်ဝင်ကြောင်း၊ မှတ်ပုံတင်လျှောက်ထားရာ၌ ပါဝင်သောလိုအပ်ချက်နှင့် သိသင့်သိထိုက်သော အကြောင်းအရာများ အသေစိတ်ရှင်လင်းပြောကြားပြီး သိရှိလိုသည်များကို ပြန်လည်‌ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)