တာမွေ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်ကစတင်ကာ မိုသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများအပြင် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာများ သွာရေးလာရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း ခရီးသွား ပြည်သူတစ်ဦးထံမှ သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူမှုကူညီရေးအသင်းဝင်များရောက်ရှိကာ ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအနေဖြင့် ဘေး အန္တရာယ်ကင်းရှင်းပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)