ကြည့်မြင်တိုင် စက်တင်ဘာလ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က “ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ် တို့လူငယ်” စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကိုသိရှိရှောင်ရှားနိုင်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ရှားနိုင်ရန်နှင့် ပြိုင်ပွဲများတွင်ပါဝင်ယှဥ်ပြိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်သန်းသန်းမော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ (၅) ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူ (၅)ဦးတို့အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများက စာအုပ်စာစောင်ပြပွဲ၊ ဆေးလိပ်၊ ဆေးရွက်ကြီး အသိပညာပေးနံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)