လဟယ် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၁)လမှ (၁၈)လအတွင်း ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီ လဟယ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အသက်(၁)လမှ (၁၈)လအတွင်း ကလေးသူငယ်များကို ထိုးနှံသော ကာကွယ်ဆေးများမှာ BCG(၅)မျိုးစပ်ကာကွယ်ဆေး၊ PCV၊ ပိုလီယိုသောက်ဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်/ဂျိုက်သိုးကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ ကလေးသူငယ်(၄၈)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၆)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပါမင်းလိုင်(ပြန်/ဆက်)