ကျွန်းလှမြို့၌ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ကျွန်းလှ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကို လေ့ကျင့်လိုက်စားတတ်ပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် “ဟိန်း”ကိုယ်ပိုင်အထက်တန်းကျောင်းက ကြီးမှူးကျင်းပသည့် အခြေခံပညာအထက်တန်းအဆင့် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့ ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း(၅)သင်း၊ အမျိုးသမီးအသင်း(၅)သင်း ပြိုင်ပွဲဝင် ကစားသမား(၁၀၀)ဦးဖြင့် စက်တင်ဘာ(၄)ရက်မှ (၇)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်နေခြင်းကို “ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ပြိုင်ပွဲဝင်ကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)