ချောင်းသာ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအား ကျင်းပလျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီက အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်အား ချောင်းသာမြို့ဘောလုံးကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်တွင် 2 Star FC အသင်းနှင့် အောင်မင်္ဂလာကျွန်း FC အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး 2 Star FC အသင်းမှ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဥ်အား စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် ကျင်းပသွားမည်ဖြစ်ကာ အကြိုဗိုလ်လုပွဲ ပထမပွဲစဥ်၌ အနိုင်ရရှိခဲ့သော ရပ်ကွက် (၂) အသင်းနှင့် 2 Star FC အသင်းတို့ယှဥ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)