ကုန်စုံဆိုင်များတွင် ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ငပုတော စက်တက်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူ‌ရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်း၍ ယ‌မန်နေ့‌နံနက်ပိုင်းက မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော ဆန်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆီဆိုင်များ၊ အသား/ငါးဆိုင်များအပါအဝင် အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်‌သော ပူးပေါင်းအဖွဲ့က စျေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ စျေးနှုန်းများ တည်ငြိမ်စေရေးတို့အပြင် ထုတ်ကုန်လုံခြုံမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါရှိမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)