ခန္တီးမြို့နယ်၌ ကလေးငယ်များအားပုံမှန်ကာကွယ်​ ဆေးတိုက်၊ ဆေးထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်

ခန္တီး စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်​ဆေးတိုက်၊ ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ခန္တီးမြို့ပေါ်ရပ်ကွက်/ ကျေးရွာများမှ အသက်(၉)လအရွယ်ကလေးငယ်များကို ဂျပန်ဦး​နှောက်ရောင်(တစ်ကြိမ်)၊ ဝက်သက်-ဂျိုက်သိုး(ပထမအကြိမ်)နှင့် အသက်(၁)နှစ်ခွဲ အရွယ်ကလေးငယ်များကို ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင်အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စတုတ္တအကြိမ်၊ ဝက်သက် - ဂျိုက်သိုး(ဒုတိယအကြိမ်) ကာကွယ်ဆေးများ ဆေးတိုက်၊ ဆေးထိုးခြင်းကို မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)