သထုံမြို့နယ်အတွင်း ဆေးဝါးများ ဈေးနှုန်းမှန်ကန်ရေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

သထုံ စက်တင်ဘာ ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဆေးဝါးများကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိအား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ဆေးအရောင်းဆိုင်များ၌ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီဥက္ကဋ္ဌ သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်မှုဖြင့် တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့ပေါ် ရပ်ကွက်အသီးသီးတို့ရှိ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိတို့အား လိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို အသိပညာပေးညှိနှိုင်းဆွေးနွေးခဲ့ကြ‌သည်။

အဆိုပါကွင်းဆင်းစစ်‌ဆေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)