ကန့်ဘလူမြို့နယ်၌ အခြေခံစားသောက်ကုန်များအား နေ့စဥ်ရောင်းချပေး

ကန့်ဘလူ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများအား နေ့စဥ်လူမှုဘဝစားသောက်ရာတွင် အလွယ်တကူဝယ်ယူနိုင်ရေးအတွက်  တန်ဖိုးသင့်စားသောက် ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက် တပင်ရွှေထီးလမ်းဘေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချ​ပေးရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆီလုပ်ငန်းရှင်အသင်းတို့က ဒေသခံပြည်သူ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည် ကျပ် ၂,၅၀၀ နှုန်း၊ ဆီ ၅၀ ကျပ်သားလျှင် ကျပ် ၃,၄၅၀ နှုန်းနှင့်ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁,၇၀၀ စျေးနှုန်းဖြင့် ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အလားတူ စားသောက်ကုန်များကို ယနေ့နံနက် ၇ နာရီက မြို့ပေါ်ရပ်ကွက်များ အမှတ်(၁/ ၂/ ၃ / ၄/ ၅) ရပ်ကွက်များတွင်လည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)