ရွှေဘိုမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ

​ရွှေဘို စက်တင်ဘာ ၂

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက​   တန်ဖိုးနည်းအိမ်ယာရှိ ရန်ကြီး​အောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင်ခရိုင် အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထက်​မောင်က ​သင်တန်းတက်​ရောက်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် ပြုလုပ်သုံးစွဲခြင်းဖြင့်၊ မိသားစုအိမ်သုံးစရိတ်လျှော့ချနိုင်​စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့ပြီး၊ စားသုံးသူ​ရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက၊ သင်တန်းဆင်းလက်မှတ်များ၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းထွက်ကုန်ပစ္စည်းများ​ပေးအပ်ရာ သင်တန်းသူတစ်ဦးက ​ကျေးဇူးတင်စကား​ပြောကြားခဲ့ပြီး အမှတ်တရ စု​ပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းတွင် နည်းပြများက၊ လူသုံးကုန်ပစ္စည်းများတွင် အသုံးပြု​သော လုပ်ငန်းသုံးဓါတုပစ္စည်းများအ​ကြောင်း၊ ပန်းကန်​ဆေး၊ အဝတ်​လျှော်၊ လက်ဆေးရည်ပြုလုပ်နည်း၊ ကိုယ်တိုက်ဆပ်ပြာခဲ၊​ ခေါင်း​​လျှော်ရည်ဆပ်ပြာမှုန့်၊ အ​မွေးဆီ၊ Hand Gel ၊ Hand Spray ပြုလုပ်နည်းများကို (၅)ရက်​ကြာ စာတွေ့/ လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/ သူ(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)