ပေါင်မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ အလွတ်တန်းဘောလုံးခြေစမ်းပွဲပြုလုပ်

ပေါင် စက်တင်ဘာ ၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ အလွတ်တန်းဘောလုံးခြေစမ်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအလွတ်တန်းဘောလုံးယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ခုနှစ်ဂိုး-တစ်ဂိုးဖြင့် ဌာနဆိုင်ရာများက အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်းအကောင်းဆုံးဆုများနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့သည်။ အဆိုပါ ၂၀၂၄ခုနှစ် အလွတ်တန်းဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ အလွတ်တန်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)