ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်း လုပ်ငန်းဆောင်ရွက်

ကြံခင်း  ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်း လုပ်ငန်းကို ယနေ့နံနက် (၈)နာရီအချိန်က ကြံခင်းမြို့ပေါ် ရပ်ကွက်များရှိ လမ်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ဒေသနေပြည်သူများ ခြင်ကြောင့်ဖြစ်ပွားနိုင်သော  သွေးလွန်တုပ်ကွေးရောဂါနှင့်  ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန်နှင့်  ရပ်ကွက်များအတွင်းရှိ  နေအိမ်ခြံဝန်းများအတွင်း ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားနိုင်ပြီး ရေတင်ကျန်နိုင်သော ဘူး၊ ခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများ၊ ရေအိုးများအား အဘိတ် (Abate) ဆေးခတ်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)