မော်လမြိုင် ဩဂုတ် ၂၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် သက္ကောအခြေခံပညာ အထက်တန်းကျောင်းနှင့် ကလော့ကနိုင်း အခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလပ်စတစ်ညစ်ညမ်းခြင်းအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိန္ဒြေအောင်နှင့် ဒုတိယဦးစီးမှူးဒေါ်သိမ့်နီနီကျော်တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလပ်စတစ်ညစ်ညမ်းခြင်းအကြောင်း သိကောင်းစရာနှင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ခြင်း အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်