ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ဟံသာဝတီဖလား အသက် (၂၁) နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေး

ပဲခူး သြဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ဟံသာဝတီဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကမ္ဘောဇသာဒီ FC နှင့် Bago(Hantharwady) FC တို့ ယှဉ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝန်ကြီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ဘောလုံးအားကစားဝါသနာရှင်ပြည်သူများ လာရောက်ကြည့်ရှုအားပေးကြခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ ဟံသာဝတီဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအား သြဂုတ်လ(၂၈)ရက်နေ့မှ စက်တင်ဘာလ()ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအသင်း၊ BAGO STAR အသင်း၊ ဘုရားကြီးမြို့အသင်း၊ ရှင်စောပုအသင်း၊ ပဲခူး (ဥဿာ) အသင်း၊ ရခိုင်ပြည်နယ်အသင်း၊ ရွှေကျင်မြို့နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ကမ္ဘောဇသာဒီအသင်းနှင့် BAGO (HANTHARWADI)အသင်းစသည့် ဘောလုံးအသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် အသက်(၂၁)နှစ်အောက်အမျိုးသား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်(၁၀၀)သိန်း၊ ဒုတိယဆု ကျပ်(၇၅) သိန်းနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု()ဆု တစ်ဆုလျှင် ငွေသားဆု ကျပ်()သိန်းတို့ ချီးမြှင့်မည်ဖြစ်သည့်အပြင် ယှဉ်ပြိုင်သည့်နေ့တိုင်း နယ်ဝေးအသင်းများအတွက် ခရီးစရိတ်အဖြစ် ဂုဏ်ပြုထောက်ပံ့ငွေအဖြစ် တစ်သင်းလျှင် ငွေကျပ်()သိန်းနှင့် ပဲခူးမြို့အနီး အသင်းများအတွက် ခရီးစရိတ်ဂုဏ်ပြုထောက်ပံ့ငွေကျပ် () သိန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)