အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

အိမ်မဲ သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယခုလ (၂၁)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း (၁,၆၀၀) ကျော်ရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မှ သိရသည်။

အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁,၆၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို ဒီလမှာတော့(၂၁)ရက်နေ့နံနက် (၇)နာရီကနေ လကုန်ရက်ထိ ရုံးဖွင့်ရက်များမှာဆက်လက် ထုတ်ပေးသွားမှာပါ။ ယနေ့နံနက်(၁၀)နာရီလောက်အထိ အငြိမ်းစာဝန်ထမ်း (၁,၀၀၀)ဦး ကျော်လောက်ပင်စင် လစာထုတ်ပေးပြီးဖြစ်ကြောင်း အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ပြောကြားချက်အရ သိရသည်။

အိမ်မဲမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများက မိမိတို့၏ ပင်စင်လစာငွေများကို အေးချမ်းစွာဖြင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)