သဲကုန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီလုပ်ငန်း အစည်းအဝေးကျင်းပ

သဲကုန်း သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးက ကလေးသူငယ်၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် ကြိုတင်ကာကွယ်နိုင်သည့် အစီအမံများကို ဆောင်ရွက်နိုင်ရေး၊ သက်ကြီးရွယ်အိုများအား လူ့ဘဝသက်တမ်းတွင် စိတ်ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားနိုင်ရေး ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်မှု​ပေးနိုင်သော ဝန်ဆောင်မှုများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ​ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ​မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မို့မို့အေးက လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ဆိုင်ရာ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများကာကွယ်စောင့်ရေးလုပ်ငန်း၊ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှုများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ သင်တန်းကျောင်းများ ဖွင့်လှစ်ထားမှုအခြေအနေများနှင့် သက်ဆိုင်ရာမြို့နယ်အတွင်း ကလေးမွေးစားခွင့်ကိစ္စများ၊ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန်၊ ကလေးသူငယ်များအား အကြမ်းဖက်မှုနှင့်ပတ်သတ်၍ တစ်စုံတစ်ရာရှိပါက ကော်မတီအစည်းအဝေး အမြန်ခေါ်ယူဖြေရှင်းဆောင်ရွက်သွားနိုင်ရေး၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် ကျန်းမာ‌‌ရေးပြုစု‌စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်​ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာကော်မတီဝင်များက မိမိတို့၏ ဌာန/အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)