ပုဇွန်တောင် ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (Youth Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများတိုးပွားလာစေရန်ရည်ရွယ်၍ ဩဂုတ် ၂၄ ရက်နေ့ နေ့လယ်(၁) နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမမေမြတ်စန္ဒာက ဆရာမဒေါက်တာမတင်ဝင်းရေးသားသည့် “လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်ကိုလည်းပြင်ပါ” စာအုပ်မှ ယဉ်ကျေးတဲ့သူဆိုတာ နေတတ်ထိုင်တတ်ရတယ်ဆောင်းပါးကို ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ယောကျ်ားလေးတွေလည်း လှပဖို့လိုပါတယ်ဆောင်းပါးအား ဖတ်ကြားဆွေးနွေးကာ စာဖတ်ဝိုင်းတက်ရောက်လာကြသော Youth Club အသင်းဝင်များကလည်း စာအုပ်ပါဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ကလေးများဉာဏ်ရည်ထက်မြက်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များငှားရမ်းပေးခြင်း၊ ပြိုင်ပွဲများကျင်းပပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ်