အထက်မင်းလှ ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အိုင်အိုဒင်းဆားသုံးစွဲရေးရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ဇေယျာသီရိဈေးတွင် အိုင်အိုဒင်းဆား ရောင်းချခြင်း၊ ဝယ်ယူစားသုံးခြင်းရှိ/ မရှိ စျေးဆိုင်များအားစစ်ဆေးခြင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဇေယျာသီရိဈေးတွင် ဈေးရောင်းချနေသော ဈေးသည်များအနေဖြင့် အိုင်အိုဒင်းဆားရောင်းချမှုရှိ/ မရှိနှင့် ဝယ်ယူစားသုံးမှုရှိ /မရှိတို့အား စစ်ဆေးပြီး အိုင်အိုဒင်းဆားသုံးစွဲခြင်းဖြင့် ရရှိစေသော အကျိုးကျေးဇူးများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)