ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သမဂ္ဂဝဏ္ဏဒါယီအသင်းကြီးတို့မှ ကြီးမှူးကျင်းပသော ဘိက္ခုနီအသွင်သီလရှင်အခြေပြုပရိယတ္တိ စာမေးပွဲ ကျင်းပ

ပဲခူး သြဂုတ် ၂၄

သာသနာတော်ထွန်းကားပြန့်ပွားရေးနှင့် ပရိယတ္တိသာသနာတော်မြတ် တည်တံ့ခိုင်မြဲရေးအတွက်ရည်သန်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သမဂ္ဂဝဏ္ဏဒါယီအသင်းကြီးတို့က ကြီးမှူးကျင်းပသော ဘိက္ခုနီအသွင် သီလရှင်အခြေပြုပရိယတ္တိစာမေးပွဲကို ယနေ့နေ့လယ်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘိက္ခုနီအသွင် သီလရှင်အခြေပြုပရိယတ္တိစာမေးပွဲတွင် မင်္ဂလာအငယ်တန်း၌ သီလရှင် ၁၈၂ ပါး၊ မင်္ဂလာအကြီးတန်း၌ သီလရှင် ၆၉ ပါး၊ သင်္ဂဟအငယ်တန်း၌ သီလရှင် ၈၉ ပါး၊ သင်္ဂဟအကြီးတန်း၌ သီလရှင်၂၁ ပါး၊ သဒ္ဒါအငယ်တန်း၌ သီလရှင် ၄၉ပါးနှင့် သဒ္ဒါအကြီးတန်း၌ သီလရှင် ၁၃ပါး စုစုပေါင်း သီလရှင် ၄၂၃ ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး စာမေးပွဲသြဝါဒစရိယဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များမှ အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)