သာပေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

သာပေါင်း ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မကျည်းကုန်းကျေးရွာအုပ်စုတွင် ဆက်လက်ထုတ်ချေးပေးခဲ့ကြသည်။

နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီးရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့်တောင်သူများအနေဖြင့်လည်း ကြွေးကျန်များ ပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေစာချုပ်ပါ အချက်(၈)ချက်အား အကျယ်တဝင့်ရှင်းလင်းပြီး တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇင်မင်းသိုက်မှ ရှင်းလင်းမှာကြားခဲ့ပြီး‌နောက် မကျည်းကုန်းကျေးရွာအုပ်စုရှိ တောင်သူ (၆၈)ဦး၏ စိုက်ပျိုးဧက (၄၈၄)အတွက် ကျပ် (၇၂၆၀၀၀၀၀)သိန်းကို တောင်သူများလက်ဝယ်သို့ ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း