ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ၂၀၂၄ ခုနှစ် မိုးစပါးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

အိမ်မဲ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ၂၀၂၄ ခုနှစ် မိုးစပါးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင်အမှာစကားနှင့် တောင်သူများအား မျိုးစပါး၊ သွင်းအားစုများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် မိုးစပါးတွင်ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများအား ထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူများကိုယ်စား ထိန်ငူကျေးရွာအုပ်စု တောင်သူ ဦးသိန်းလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးများ၊ တောင်သူများ စုစုပေါင်းအင်အား (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ၊ ပြန်/ဆက်)