သဲကုန်းမြို့နယ်၌ (Monkeypox)မျောက်ကျောက်ရောဂါ ကာကွယ်ရေးအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

သဲကုန်း သြဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မျောက်ကျောက်ရောဂါ (Monkeypox) ရောဂါကာကွယ်ရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့က ရပ်ကွက်(၁)၊ စျေးချိုလမ်းမြို့မစျေးကြီးအနီးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်ပိုစတာတွင် (Monkeypox)မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါသံသယဖြစ်ဖွယ် လက္ခဏာများ၊ မျောက်ကျောက်ရောဂါမဖြစ်‌အောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါကူးစက်ခံရမှုကြောင့် ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာပြပုံများစသည့် သိမှတ်ဖွယ်ရာများကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြသထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)