ကလေးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဆင်းပွဲကျင်းပ

ကလေး၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ခံအရာရှိက  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းသန့်ရှင်းသာယာလှပစေရေးအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေး လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာ/ ဆရာမများအား အခြေခံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲစာအုပ်များ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကလေးမြို့၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းအား ဩဂုတ်လ ၁၉ ရက်နေ့မှ (၂၃) ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)