ငပုတောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ပြေးခုန်ပစ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများ  ကျင်းပ

ငပုတော ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဗလငါးတန် ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပမ္မဝတီပြည်သူ့အားကစားဝန်းအတွင်းတွင် ယမန်နေ့ညနေပိုင်းက အားကစားပြိုင်ပွဲများကို ကျင်းပပေးခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် သံလုံးပစ်ပြိုင်ပွဲ၊ မီတာ (၁၀၀)အမျိုးသား၊ အမျိုးသမီး အပြေးပြိုင်ပွဲ၊ မီတာ (၄၀၀) အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊  မီနီမာရသွန်ပြိုင်ပွဲများနှင့်ပြေးခုန်ပစ် အားကစားပြိုင်ပွဲများကိုကျင်းပပေးခဲ့ပြီးအနိုင်ရရှိသူများကိုမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)