ရွှေတောင်မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် သြဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့် ရရှိထားသော မူလတန်းကြိုကျောင်းများအား ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီ ဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မို့‌‌မို့အေးနှင့် ရွှေတောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိမိချိုတို့က ရွှေတောင်မြို့နယ်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း၊ အမှတ်(၁) အထည်စက်ရုံ မူလတန်းကြိုကျောင်းနှင့် အမှတ် (၁၄) ခြေလျင်တပ်ရင်း မူလတန်းကြိုကျောင်းများသို့ သွားရောက်၍ ကလေးများ၏ လစဉ်ဖွံ့ဖြိုးတိုးတက်မှု၊ အာဟာရဖြည့်စွက်စာကျွေးမွေးမှု၊ သင်ကြားနည်း (၄)ရပ်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှု ရှိ၊မရှိ အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)