ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကဝ ဩဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ထူးချွန်ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အ.ထ.က(ကဝ)ကျောင်း၊ ဆရာကျော့ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးက အဖွင့်အမှာစကား‌ပြောကြားပြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းက ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်(၉)ရပ်၊ ကျောင်းကျန်းမာရေးကော်မတီများဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ "ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်တီးစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျောင်းကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ သိရှိကျင့်သုံးစွဲမြဲပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးသွားစေရေးအတွက်ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်‌ ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြပြီး၊ ကျောင်းသား/ကျောင်းသူများ ပြုလုပ်ခင်းကျင်းပြသထားသည့် အဟာရအစာအုပ်စုပြခန်းနှင့် ကျောင်းသား/ကျောင်းသူများအား အဟာရအစားအစာတိုက်ကျွေးနေမှုကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)