တောင်တွင်းကြီးမြို့နယ်၌ စာအုပ်စာစောင် ပြပွဲပြုလုပ်

တောင်တွင်းကြီး သြဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ယမန်နေ့ နေလယ် () နာရီခွဲအချိန်က စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်/စာစောင်ပြပွဲအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ် အမှတ်()အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြည်သူ့စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထမှ အ​လေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဗဟုသုတ ကြွယ်ဝစေရန်နှင့် စာအုပ်စာစောင်များအား တန်ဖိုးထားတက်စေရန်ရည်ရွယ်၍ စာအုပ်/စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အလုပ်တာဝန်များဖြင့် မအားလပ်၍ လာရောက်မဖတ်ရှုနိုင်သည့် စာပေချစ်မြတ်နိုးသူများအတွက်လည်း mobile library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် သုတ၊ ရသ၊ ရုပ်ပြ စာအုပ်စာစောင်များ၊ အသိပညာ ဗဟုသုတရရှိစေမည့် စာအုပ်များကိုလည်း ခင်းကျင်းပြသခဲ့ပြီး အမှတ်()အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ  (၂၀) ဦးခန့်က စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)