သာယာဝတီ သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စံရွေးတန်းရပ်ကွက်ရှိ စိန်လျှံဖြိုး ရောင်းဝယ်ရေးသမဝါယမအသင်း၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယနေ့နံနက်ပိုင်းက သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက်သမဝါယမအသင်းဆိုင်၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် သမဝါယမအသင်းဥက္ကဋ္ဌ ဦးသိန်းမြင့်က ဆောင်ရွက်ပြီး ၂၀၂၃-၂၀၂၄ ခုနှစ် အသင်းအမှုဆောင်၏ အစီအရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအား အသင်းအမှုဆောင်တစ်ဦးက ဖတ်ကြားတင်သွင်းခဲ့သည်။
ယင်းနောက် သာယာဝတီမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းအောင်က သမဝါယမဖွံဖြိုးတိုးတက်ရေးကိစ္စများ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများညွန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စိန်လျှံဖြိုးရောင်းဝယ်ရေးသမဝာယမအသင်း၏ အသင်းသူအသင်းသားများအား ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးအစုပေါ် အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)