ထန်းတပင်(ပဲခူး) သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club)အဖွဲ့၊ စာပေဝါသနာရှင် ကျောင်းသား/ ကျောင်းသူများပူးပေါင်း၍ စာရေးဆရာ ကောင်းမြတ်ရေးသားသည့် ပွင့်သောပန်းတိုင်း မွှေးစေလို စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်တင်အိအိဝင်းက စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြီး (Book Club )အဖွဲ့ဝင် ဦးအောင်ဇင်မျိုးက စာအုပ်ပါ ခေါင်းစဥ်များမှ "အများ အာရုံစိုက်မှု ခံလိုတဲ့ ကလေး" "အချိန်ကြာရှည်စွာ အာရုံမစိုက်နိုင်တဲ့ ကလေး" "ဒေါသပေါက်ကွဲတတ်တဲ့ ကလေး" စသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသော စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက အချင်းချင်းအမြင်ခြင်းဖလှယ်ကာ အပြန်အလှန်ဆွေးနွေးချက်များအပေါ် ဦးအောင်ဇင်မျိုးက ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)