စလင်း သြဂုတ် ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောဆွေးနွေးပွဲ နံရံကပ်စာစောင်ပြသခြင်းကို အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီ ၃၀ အချိန်က Grade-5 စာသင်ဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်ရေးရာအသိပညာပေးခေါင်းစဥ်များမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခေါင်းစဥ်ဖြင့် ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် အကြောင်းအရာများမှ ကလေးအလုပ်သမားများ၏ အသက်အရွယ်ကလေးအလုပ်သမားဆိုသည်မှာ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် မိဘအုပ်ထိန်းသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်သင့်သည့် အကြောင်းအရာများ ဆောင်ရွက်နိုင်သည့် ဥပဒေပကြောင်းအရာများကို အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူးတာဝန်ခံ ဦးဆန်လင်းမောင်က စားသုံးသူရေးရာနှင့်ပတ်သက်သည့် စာသုံးသူရေးရာဦးစီးဌာန စတင်ဖွဲ့စည်းပေါ်ပေါက်လာပုံနှင့် အစားအသောက်၊ ကုန်အညွှန်းအမှတ်တံဆိပ်၊ စားသုံးကာကွယ်ရေး၊ ဥပဒေပါအခွင့်အရေးများနှင့်စာသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုစပ်လျဥ်း၍ စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်မှုများဖြစ်ပေါ်လာပါက တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် စာသုံးသူရေးရာဦးစီးဌာနတွင် လက်ခံဆောင်ရွက်ရေးစင်တာ (CICC)တွင် လူကိုယ်တိုင်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာနှင့်ပတ်သက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောဆွေးနွေးပွဲမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးပြသထားသည့် နံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ကြည့်ရှုကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေငှခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)