သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ၏ (Hospital Family Day) အခမ်းအနား ကျင်းပ

သရက် ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံတွင် ပြည်သူလူထု အားကိုးယုံကြည်သော ဖြစ်ပေါ်လာစေရန်အတွက် ဆေးရုံမိသားစုနေ့  (Hospital Family Day) အခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ဆေးရုံမိသားစုနေ့ ကျင်းပခြင်းဖြင့် ပြည်သူများနှင့် ကျန်းမာရေးဌာနအကြား ကျန်းမာရေးဝန်ထမ်းများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး ပြည်သူများအနေဖြင့် ဆေးရုံ ၊ ဆေးခန်းသို့ သွားရောက်ရမည်ကို မကြောက်ရွံ့ဘဲ အချိန်မီဆေးကုသခံယူခြင်းဖြင့် ကျန်းမာသက်ရှည်သောဘဝကို ပိုင်ဆိုင်လာမည်ဖြစ်မည်ဟု ပြောကြားပေးခဲ့ပြီး သရက်ခရိုင် ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင်မှ သရက်ခရိုင် ပြည်သူ့ဆေးရုံ( Hospital Family Day) ကျင်းပရခြင်းနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ တင်ပြဆွေးနွေးပေးမှုအပေါ် ခရိုင်ဆရာဝန်ကြီးက ပြန်လည်ဆွေးနွေးပေးခဲ့ကာ အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုးလှမြင့်၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်နှင့် တာဝန်ရှိသူအသီးသီးက ခရိုင်ပြည်သူ့ဆေးရုံကုသဆောင်များတွင် ဆေးရုံတက်ရောက်နေသော လူနာများအား အဟာရထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)